Wednesday, 23 September 2020

ဆီးချိူသမားကိုယ်တွေ့

ဆီးချိုရောဂါ ကို အင်္ဂလိပ် ဆေးပညာ စကားလုံးနှင့် Diabetes mellitus ( ဒိုင်အာဘိတိစ် မလိုက်တပ်စ်)ဟု ခေါ်သည်။ ဆီးချိုရောဂါ သည် ခန္ဓာကိုယ်အတွင်းရှိ ဂလူးကိုစ့်ဓာတ်(Glucose) များနှင့် ပတ်သက်သော ဇီဝကမ္မဖြစ်စဉ် (metabolism)တစ်ခု ကမောက်ကမ ဖြစ်သည့်အတွက် ဖြစ်ပေါ်ရသော ဝေဒနာစု တစ်ခု ဖြစ်ပါသည်။ ဆီးချိုရောဂါ ဖြစ်လေ့ရှိသော အကြောင်းရင်းနှစ်ချက်မှာ
* (၁)မျိုးရိုးဗီဇ(Genetic )/မျိုးရိုးလိုက်ခြင်း (hereditary) နှင့်
* (၂)အနေအထိုင် ဘဝပတ်ဝန်းကျင် တို့ ဖြစ်ပါသည်။
(ဤနေရာတွင် အနေအထိုင် ဘဝ ပတ်ဝန်းကျင် ဆိုသည်မှာ အထိုင်များခြင်း၊ အဝလွန် အစားအစာ များ စားသောက်ခြင်းတို့ကဲ့သို့ အလွန်အမင်း ဇိမ်ကျကျ နေထိုင်မှုမျိုးကို ဆိုလိုသည်။ မျိုးရိုးဗီဇ၏ အပြစ် မဟုတ်ပါဘဲ မိမိ၏ နေပုံထိုင်ပုံ အဆင်မပြေ အချိုးမကျ၍ ဆီးချို ဖြစ်ရခြင်းကို ဆိုလိုပါသည်။)
အသုံးအနှုန်းပြင်ဆင်
ယင်းအထက်ပါ အချက်များ ပုံစံတကျ မဖြစ်သောအခါ ခန္ဓာကိုယ်၏ ဂလူးကိုစ့်ဓာတ် (သကြားဓာတ်)နှင့် ပတ်သက်သည့် ဇီဝကမ္မဖြစ်စဉ် ချို့ယွင်း ဖောက်ပြန် သွားသည်။ ထိုအခါ လူ့ကိုယ်ခန္ဓာ၏ သွေးထဲမှာ သကြားဓာတ် ပမာဏအဆင့် မြင့်တက် လာပါသည်။ ထိုကဲ့သို့ မြင့်တက်လာခြင်းကို အင်္ဂလိပ် ဆေးပညာ စကားလုံးနှင့် (hyperglycemia ဟိုက်ပါဂလိုက်ဆီးမီးယား) ဟု ခေါ်သည်။
သွေးထဲတွင်ရှိသော သကြားဓာတ် ပမာဏကို ထိန်းချုပ်သည့် ပစ္စည်းများမှာ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတုပစ္စည်း များနှင့် ဟိုမုန်းများ ဖြစ်သည်။ ဟိုမုန်းများအနက် အစာအိမ်၏ အောက်တွင် ကပ်လျက် တည်ရှိနေသော ပန်ကရိယ (pancreas )၏ ဘီတာဆဲလ်( beta-cell)မှ ထုတ်လုပ်သော အင်ဆူလင်(INSULIN) ဟိုမုန်း သည် အရေးကြီး၏။
ဆီးချိုဟူသော အဓိပ္ပါယ်ကို ပြန်ကောက်ရလျှင် ဆီးချိုဆိုသည်မှာ ခန္ဓာကိုယ်တွင်ရှိသော အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးသွားခြင်း သို့မဟုတ် အင်ဆူလင်ဟိုမုန်း၏ အစွမ်းသတ္တိ ချို့ယွင်း နည်းပါးသွားခြင်းကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။
ရောဂါ လက္ခဏာများပြင်ဆင်
လူတစ်ဦး၏ ဆီးချိုရောဂါသည် အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးမှုကြောင့် ဖြစ်ခဲ့လျှင် ယင်းဆီးချိုကို ဆီးချိုအမျိုးအစား-၁ ဟု ခေါ်ဝေါ်သည်။ အကယ်၍ အင်ဆူလင် ဟိုမုန်း ပုံမှန်ထုတ်ပါလျက် အင်ဆူလင် ဟိုမုန်း၏ အစွမ်းသတ္တိ ထိရောက်စွာ မပြနိုင်ခြင်းကြောင့် ဆီးချိုဖြစ်ရတာမျိုးဆိုရင် ဆီးချိုအမျိုးအစား-၂ ဟုခေါ်သည်။ နောက်တစ်ချက်မှာ ကိုယ်ဝန်ကြောင့်ဖြစ်သော ဆီးချို (Gestational DM)ဖြစ်သည်။ အင်ဆူလင် ထုတ်လုပ်မှုနည်းပါးခြင်းပဲဖြစ်ဖြစ် အင်ဆူလင် အစွမ်းသတ္တိမပြနိုင်ခြင်းပဲဖြစ်ဖြစ် နှစ်မျိုးစလုံးသည် သွေးထဲ က သကြားဓာတ် ပမာဏကို တက်စေသည်။ သွေးထဲက သကြားဓာတ် ပမာဏကို တက်စေရင်းနှင့် အဓိကရောဂါ လက္ခဏာတွေ ဖြစ်ပေါ်စေပါသည်။ ၎င်းတိုမှာ
1. ဆီးသွားတာများခြင်း၊
2. ဆီးသွားများလို့ ရေငတ်ခြင်း ရေအများအပြားသောက်ခြင်း၊
3. အမြင်အာရုံ ကျဆင်းဝေဝါးခြင်း၊
4. အကြောင်းမဲ့ ပိန်ခြင်း၊
5. မအီမသာဖြစ်ခြင်း နဲ့
6. အခြားလက္ခဏာတွေ ပဲဖြစ်ပါသည်။
မည်သည့် ဆီးချိုအမျိုးအစားကိုမဆို ဝေဒနာ မခံစားရအောင် ထိန်းချုပ်ကုသ နိုင်သည်။ ၁၉၂၁ တွင် အင်ဆူလင် ပေါ်လာကတည်းက ကြပ်မတ်စွာ ကုသနေနိုင်ခဲ့ပါသည်။ သို့သော် လုံးဝ ပျောက်ကင်းအောင် ကုသဖို့တော့ မဖြစ်နိုင်သေးပေ။ ဆီးချိုအမျိုးအစား -၁ တွင် အင်ဆူလင် ထိုးခြင်း၊ အင်ဆူလင်ပမ့် (pump) နဲ့ကုသခြင်း စသည့် ကုထုံးများဖြင့် ရောဂါ ဝေဒနာတွေ မခံစားရဘဲ နေ့စဉ် လုပ်ငန်းဆောင်တာ တွေကို အများနည်းတူ ဆောင်ရွက်နိုင်အောင် ထိန်းသိမ်းကုသနိုင် ပါသည်။ အမျိုးအစား၂ တွင်မူ အစားအသောက် ထိန်းသိမ်းမှုပိုင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း အပိုင်းများနှင့် သောက်ဆေးဖြင့် ကုသခြင်း (Oral hypoglycaemic drugs) အပိုင်း၊ အင်ဆူလင် ဖြင့်ကုသခြင်း အပိုင်းများနဲ့ ထိန်းချုပ် ကုသနိုင်ပါသည်။
ဆီးချိုရောဂါနှင့်အတူ ယင်းကိုကုသသည့် ကုထုံးများကြောင့် ရောဂါ နောက်ဆက်တွဲများ ရှိလာတတ်သည်။ ဥပမာအားဖြင့် အချိန်တို အတွင်း( မိနစ်ပိုင်းမှ နာရီပိုင်း ရက်ပိုင်းအတွင်း) ဖြစ်တတ်သော နောက်ဆက်တွဲ ရောဂါ အဆစ်ကလေးများ အနေနှင့်- သွေးထဲက သကြားပမာဏ ရုတ်တရက် အလွန်အမင်း ကျဆင်းသွားခြင်း (Hypoglycaemia) ကီတုန်း လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထွက်ပြီး ခန္ဓာကိုယ် မှာ အက်ဆစ် ဓာတ်တွေ များလာခြင်း (Diabetic Ketoacidosis)၊ အက်ဆစ်ဓာတ်မများပဲ ကိုယ်ခန္ဓာရေဆွဲအား တက်လာလို့ ကိုမာဟု ခေါ်သော သတိမေ့မြောရောဂါ ဖြစ်ခြင်း (Non-ketotic hyperosmolar coma) တို့ ဖြစ်တတ်သည်။
အက်ဆစ်မများဘဲ သကြားဓာတ်အလွန်အမင်းများက သကြားဓာတ်က ရေဆွဲအားများ၍ ကိုမာ ဖြစ်ခြင်းမျိုး (Non-ketotic hyperosmolar coma) နှင့် သကြားဓာတ်များကာ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်း (ketoacidosis) မျိုးမှာ သေသေချာချာ ထိရောက်သော ကုသမှုမျိုးကို မယူရသေး၍ ဖြစ်နိုင်ပါသည်။
ရောဂါကြောင့် ဖြစ်ပေါ်သည့် အချိန်ကြာမှ ဖြစ်ပေါ်တတ်သည့် နောက်ဆက်တွဲ ရောဂါများမှာ နှလုံးနဲ့ သွေးကြော ဆိုင်ရာရောဂါများ (cardiovascular) ကျောက်ကပ် ပျက်ဆီးခြင်းမျာ (nephropathy)၊ ကျောက်ကပ် လုံးဝ အလုပ်မလုပ်နိုင် ကျဆုံးခြင်းများ (renal failure) မျက်လုံး အတွင်းပိုင်း ရက်တီနာ ဟု ခေါ်တဲ့ အမြင်လွှာစုစည်းသည့် အာရုံခံ ပစ္စည်း ပျက်စီးခြင်းများ (retinopathy) ခန္ဓာကိုယ် အနှံ့က ပူအေးထိတွေ့ စသည်တို့ကို သိသည့် အာရုံကြောနှင့် ကိုယ်လက် လှုပ်ရှားမှုကို ထိန်းတဲ့ အာရုံကြောတွေ ပျက်စီးတာတွေ ဖြစ်နိုင်ပါသည်။
ထို့နောက် အနာကျက်တာနှေး ခြင်း အမျိုးသားများတွင် ပန်းသေပန်းညှိုးခြင်း စသည့် ရောဂါဝေဒနာများ ဖြစ်ပေါ်နိုင်ပါသည်။
ခြေထောက်များမှာ အနာကျက်နှေးသည့်အတွက် နောက်ပိုင်း အသားများပုပ်ဆွေးခြင်းများ မှသည် ခြေထောက် ဖြတ်ပစ်ရခြင်း မျိုးများလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် လုံလောက်သည့် ဆီးချို ကုသမှုနှင့် သွေးတိုးရောဂါကိုလည်း ထိန်းသိမ်း၊ အနေအထိုင် ဘဝဝန်းကျင်ကိုလည်း ကောင်းအောင်မွန်အောင် ပြောင်းလိုက်နိုင်လျှင် (ဥပမာ ဆေးလိပ် ဖြတ်တာတို့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်း နိုင်တာတို့ လုပ်နိုင်လျှင်) ယခင်က ပြောခဲ့သော အချိန်ကြာမြင့်မှ ပေါ်ပေါက်မည့် ရောဂါ နောက်ဆက်တွဲ များကို အထိုက်အလျောက် တားဆီးနိုင်ပါ၏။
ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ ဆီးချိုသည် လူလတ်ပိုင်း အရွယ်တွေ မျက်စိကွယ်ရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်နေပြီးတော့ ထိခိုက် ဒဏ်ရာ တစ်စုံတစ်ရာ မဖြစ်ဘဲ ခြေထောက်ဖြတ်ပစ်လိုက် ရခြင်း၏ အဓိက အကြောင်း အရင်းတစ်ရပ်လည်း ဖြစ်နေပြန်ပါသည်။
အမေရိကန်နိုင်ငံ တွင်မူ ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ရောဂါမှာ ဒိုင်ယာလက်ဆစ် (DIALYSIS) ဟု ခေါ်သည့် သွေးအတွင်း ဓာတုပစ္စည်းများကို အပြင်က ဓာတုပစ္စည်းတွေနှင့် ဖလှယ်ကာ ကျောက်ကပ်ကို အနားပေး ကုသရသည့် ကုထုံး ၏ အဓိကဖောက်သည်ရောဂါကြီး ဖြစ်နေပါသည်။
ဆီးချိုအမျိုးအစားများပြင်ဆင်
ဂရိစ်စကားဖြစ်သော ဒိုင်ယာဘိတိစ်( Diabetes) ၏ အဓိပ္ပါယ်မှာ ဆီးသွားခြင်းဟူ၍ ဖြစ်သည်။ မြန်မာ ဆေးပညာစကားလုံး ဆီးချိုဟူသည်မှာ ဒိုင်ယာဘိတိစ် များထဲမှ တစ်ခုဖြစ်သော ဒိုင်ယာဘိတိစ် မလိုက်တပ်စ် ( Diabetes mellitus) ဖြစ်သည်။ အခြား ဆီးသွားများသော ရောဂါများအနက် ထင်ရှားသည်မှာ ဒိုင်ယာဘိတိစ် အင်ဆိပိဒပ်စ် (Diabetes insipidus) ဖြစ်သည်။ ဒိုင်ယာဘိတိစ် အင်ဆိပိဒပ်စ်သည် ဦးနှောက် အတွင်းရှိ ပစ်ကျူထရီဂလင်း* အကြိတ်ဖြစ်ပေါ်မှုကြောင့် ဖြစ်လေ့ရှိသည်။ ယင်းရောဂါသည် ဖော်ပြနေဆဲ ဆီးချိုနှင့် ဆီးသွားများခြင်း၊ ရေငတ်ခြင်း စသော ရောဂါလက္ခဏာများ၌ ဆင်တူသော်လည်း ခြားနားသော ရောဂါတစ်ခုဖြစ်သည်ကို သတိမူရပါမည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ဆီးချိုရောဂါ လူနာ အရေအတွက်သည် ခရစ်သက္ခရာဇ်၂၀၃၀ တွင် သန်း၃၅၀ ကျော်အထိ များပြားလာမည်ဟု ခန့်မှန်းထားသည်။ အစိုးရများနှင့် အစိုးရမဟုတ်သော ကျန်းမာရေး ထောက်ပံ့မှုအဖွဲ့များသည် ဆီးချိုရောဂါ ပညာပေးရေး၊ ရောဂါ အမည်ဖော်ထုတ်နိုင်ရေး နှင့် ဆီးချိုကြောင့် နာတာရှည် မစွမ်းမသန်ဖြစ်မှုများအတွက် ကုသမှုပေးရေး အစီအစဉ်များကို အကောင်အထည်ဖော်နေသည်။
ဆီးချိုအမျိုးအစား-၁ ဟူသည်မှာ ယခင်က ခေါ်ဝေါ်လာခဲ့ကြသော
* ကလေးဆီးချို (ချိုင်းဟုဒ်)(Childhood Diabetes Mellitus)
* လူငယ်ဆီးချို(ဂျူဗင်နိုင်း) (Juvenile DM)
* အင်ဆူလင်မှီခိုဆီးချို( Insulin Dependent Diabetes Mellitus) ဟူသော စကားလုံးများကို အစားထိုးထားခြင်းဖြစ်သည်။
ဆီးချိုအမျိုးအစား-၂ သည်လည်း ယခင်က ခေါ်ဝေါ်လာခဲ့သော
* သက်ကြီးဆီးချို
* အဝလွန်ဆက်နွှယ်ဆီးချို (Obesity related DM)
* အင်ဆူလင် မမှီခိုဆီးချို (Non-insulin dependent Diabetes Mellitus) တို့ကို အစားထိုး ခေါ်ဝေါ်ထားခြင်းဖြစ်သည်။
စင်စစ် ၎င်းအမျိုးအစား နှစ်မျိုးအတွင်း အကျုံးမဝင်သေးသော ဆီးချိုရောဂါများ ရှိသေးသော်လည်း ပညာရှင် အများအပြားလက်ခံနိုင်သော အနေအထားနှင့် အမျိုးအစားခွဲခြားရန် လောလောဆယ်မဖြစ်နိုင်သေးပါ။ သို့သော် ဆီးချိုကို လေ့လာနေသော ပင်ရင်းဋ္ဌာန အတော်များများကမူ အမျိုးအစား-၃ ကို ထပ်မံ သတ်မှတ်သည်။
1. ကိုယ်ဝန်ဆောင်ဆီးချို( Gestational Diabetes Mellitus)
2. အင်ဆူလင်မတိုးခြင်း ပေါင်းစပ်ပါဝင်နေသော ဆီးချိုအမျိုးအစား ၁ (Insulin resistance related DM type 1) ) ၊ အင်ဆူလင်ထိုးရန်လိုသော ဆီးချိုအမျိုးအစား ၂ (Insulin requiring DM type 2) ၊ နှင့်
3. ဆိုင်းငံ့ အော်တိုအင်မျူး ဆီးချိုရောဂါ (Latent Autoimmune Diabetes Mellitus)တို့ကို ပေါင်းစပ်၍ ဆီးချို အမျိုးအစား -၃ (Diabetes Mellitus type 3)ဟူ၍ သတ်မှတ်သည်။
ထို့ပြင် လူငယ်များတွင် ဖြစ်တတ်သော သက်ကြီးဆီးချို အမျိုးအစားလည်း ရှိသေးသည်။ အင်္ဂလိပ်ဆေးပညာစကားလုံးနှင့် MODY (maturity onset diabetes of the young) ဟုခေါ်ရသည်။ ယင်းမှာ မျိုးရိုးဗီဇနှင့် သက်ဆိုင်ပြီး ဂျင်း(gene)အမျိုးအစားတစ်ခု ချို့ယွင်းသော ရောဂါဖြစ်သည်။ ယင်းရောဂါသည် မျိုးရိုးလိုက်ခြင်း သိသာစွာဖြစ်ပြီး အသက်သုံးဆယ် ကျော်လွန်သောအခါ ဆီးချို အမျိုးအစား-၂ ၏အနေအထား အတိုင်း ပေါ်ပေါက်လာသည်။
အမျိုးအစားခွဲခြားခြင်း (မာတိကာ)ပြင်ဆင်
ဆီးချိုအမျိုးအစား-၁
ဆီးချိုအမျိုးအစား-၂
ကိုယ်ဝန်ဆောင်ဆီးချို
အခြားဆီးချိုများ
ဆီးချိုရောဂါလက္ခဏာများ
ဆီးချိုရောဂါအမည်တပ်ခြင်း
ဆီးချိုရောဂါကိုကာကွယ်ခြင်း
ဆီးချိုကုထုံးဆိုင်ရာစီမံခန့်ခွဲမှုများ
ဆီးချိုကုထုံးကိုယူခြင်းနှင့်မယူခြင်း
ဆီးချိုအမျိုးအစား-၁ပြင်ဆင်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆီးချိုအမျိုးအစား-၁

ဆီးချိုအမျိုးအစား ၁ သည် အင်ဆူလင်ထုတ်လုပ်နိုင်သည့် ဘီတာဆဲလ် ပျက်ဆီးခြင်းကြောင့်ပင်ဖြစ်သည်။ ဘီတာဆဲလ်သည် ပန်ကရိယဂလင်း* အတွင်း လင်ဂါဟန် ဆဲလ် အစုအဝေးတွင် မြုပ်လျက်ရှိသည်။ ပုံတွင် အစိမ်းရောင် နှင့်ပြထားသော ဆဲလ်များမှာ ဘီတာဆဲလ်ဖြစ်သည်။
ဤရောဂါအမျိုးအစားကို (၁) အင်မျူးနှင့်ဆက်စပ်သည့် ရောဂါ နှင့် (၂)ဆက်စပ်မှု အကြောင်းရှာမရသည့် ရောဂါဟု ထပ်မံခွဲခြားထားပါသည်။ အများစုက အင်မျူး*² နှင့် ဆက်စပ်ပါသည်။ အမျိုးအစား ၁ ကိုကာကွယ်ရမည့် နည်းလမ်း ယနေ့ထက်တိုင်ရှာဖွေတွေ့ရှိခြင်းမရှိသေးပါ။ မြောက်အမေရိကနှင့် ဥရောပတွင် ဆီးချို -၂ က ၉၀ ရာခိုင်နှုန်း ဆီးချို -၁ က ၁၀ ရာခိုင်နှုန်း ဖြစ်ပွားတတ်ပါသည်။ အာရှနှင့် ပစိဖိတ်ဘက်တွင်လည်း ၁၀ နှစ်မှ ၁၉ နှစ်အရွယ်လူငယ်များကို လေ့လာကြည့်ရာ အမျိုး အစား ၂ သည် အမျိုးအစား၁ ထက် ၂ ဆခန့် ပိုမိုဖြစ်ပွားနေပါသည်။
ဆီးချို-၁ ရောဂါရှင် အများစုသည် ရောဂါစဖြစ်သည့် အချိန်၌ ကိုယ်အလေးချိန်မှာ လူသာမန်များ အတိုင်းပင် ဖြစ်လေ့ရှိသည်။ ရောဂါစဖြစ်ကာစ အချိန်က အင်ဆူလင်တိုးမှု*³ ပုံမှန်အတိုင်းပင်ရှိတတ်သည်။ ဆီးချိုအမျိုးအစား ၁ သည် လူကြီးများရော ကလေးများတွင်ပါ ဖြစ်ပွားတတ်သော်လည်း ငယ်ရွယ်သူ များတွင် အဖြစ်များသော ကြောင့် ဂျူဗင်နိုင်း ဆီးချို ( လူငယ်ဆီးချို) ဟုသာ အစဉ်အဆက် မပျက်ခေါ်ဝေါ်ကြပါသည်။
ဆီးချိုအမျိုးအစား-၁ ကို ကုသရာ၌ အခြေခံမူဝါဒမှာ ရောဂါ အစဦးပိုင်းမှပင် စတင်ကာ အင်ဆူလင်ဆေးဝါးကို ပြင်ပမှ ထိုးပေးခြင်း နှင့် ၊တဆက်တည်းမှာပင် သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို ပုံမှန်စစ်ဆေးပေးနေရခြင်း ဖြစ်ပါသည်။
အင်ဆူလင်ကုထုံး မယူမိပါက ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း**¹ အရေးပေါ်ရောဂါမျိုး မကြာခဏဖြစ်ပွားတတ်ပြီး ကိုမာ(Coma) မှ အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်သည်။
ယခုအခါ ကုထုံးပိုင်းအတွက် အာရုံစိုက်နေသည်မှာ နေထိုင်နည်းပြောင်းလဲပေးခြင်း (အစားအသောက် နှင့်လေ့ကျင့်ခန်း) ဖြစ်သော်လည်း ယင်းသို့ပြောင်းလဲပေးခြင်းကြောင့် ရောဂါဆိုးရွားမှုကို တန့်ရပ်သွားမည်ဟု မျှော်လင့်မထားပါ။ ဆီးချိုရောဂါရှင်များအတွက်တိုက်တွန်းထားသောအားကစားများနှင့် တားမြစ်ထားသော အားကစားများ ရှိပါသည်။ ဆီးချိုရောဂါသည် ရှောင်ကြဉ်ရမည့် အစားအသောက်များကိုလည်း ရှောင်ရှားရမည်ဖြစ်သည်။
အင်ဆူလင် ထိုးရာတွင် ဆေးထိုးအပ်ကို အသုံးပြု၍ အရေပြားအောက်ထိုးခြင်းအပြင် အင်ဆူလင် ညှစ်ထုတ်ပေးမည့် ပမ့်(PUMP)**²နှင့် အင်ဆူလင်ကို အချိန်မှန် ညှစ်ထုတ်စေခြင်း နည်းလမ်းလည်း ရှိသည်။ ပမ့်ကိုသုံးသဖြင့် ၂၄ နာရီလုံးလုံး သွေးအတွင်း အင်ဆူလင် ပမာဏကို ထိန်းသိမ်းပေးထားနိုင်သည်။ အစားစား၍ အင်ဆူလင်လိုအပ်မှု ပမာဏ တိုးလာသည့် အခိုက်တွင် အင်ဆူလင်ကိုတိုး၍ လိုသလောက် ညှစ်ထုတ်ပေးရန် စီမံထားသည်။ အင်ဆူလင် မဟုတ်သော ကုသမှုမျိုး (ဥပမာ- ပဋ္ဋိပစ္စည်း တစ်မျိုးနှင့် ရင်းမြစ်ဆဲလ် (STEM CELL)**³ ကုထုံးများမှာ တိရစ္ဆာန်များကို ကုသအောင်မြင်ပြီး လူသားများ၌ စမ်းသပ်ဆဲ အဆင့်တွင်သာရှိသည်။
အမျိုးအစား -၁ သည် ပုံမှန်လုပ်နေကျအလုပ်များကို အဟန့်အတားမဖြစ်စေပေ။ လူနာက ရောဂါအကြောင်း စိတ်ဝင်စား လေ့လာထားမှု၊ အင်ဆူလင် ထိုးနည်း လေ့ကျင့်ထားမှု၊ သင့်လျော်စွာ ကုသမှု ခံယူမှု၊ စမ်းသပ်စစ်ဆေးမှုများ၌ စည်းစနစ်ကျနရမှု၊ အင်ဆူလင်ထိုးဆေးပမာဏ အသုံးပြုခြင်း စနစ်ကျနမှုများရှိလျှင် ပုံမှန်အတိုင်း နေထိုင်သွားလာ နိုင်ပေသည်။
သို့သော် အင်ဆူလင်ကုထုံးမှာ လူနာအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ရသည်။ အင်ဆူလင် ထိုးခံရခြင်းကပင်လျင် အလုပ်ပိုတစ်ခု ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။
သွေးထဲရှိ သကြားဓာတ်ပမာဏ - ဂလူးကိုစ့်လယ်ဗယ် (blood glucose level)သည် အမျိုးအစား -၁ ၌ ၈၀မှ ၁၂၀ မီလီဂရမ်/ဒက်ဆီလီတာ {80-120mg/dl (4-6mmol/l)}နှင့် အနီးစပ်ဆုံးရှိနေသင့်ပါသည်။ အချို့ သမားတော်ကြီးများကမူ အင်ဆူလင် ထိုးနေရင်း သကြားဓာတ်ပမာဏ မကြာခဏအလွန်အကျွံ ကျသွားတတ်ခြင်း (ဆီးချိုကျခြင်း-ဟိုက်ပိုဂလိုက်စီးမီးယား (hypoglycemia) ဖြစ်တတ်သော လူနာများ အတွက် သွေးအတွင်း သကြားဓာတ်ပမာဏ - ဂလူးကိုစ့်လယ်ဗယ် ကို ၁၄၀ မှ ၁၅၀ မီလီဂရမ်ပါ ဒက်ဆီလီတာ {140-150mg/dl (7-7.5 mmol/l)} ထားဖို့ ဆန္ဒပြုထားကြပါသည်။
သွေးအတွင်း သကြားဓာတ်ပမာဏ ၄၀ဝ မီလီဂရမ်ပါဒက်ဆီလီတာ {400mg/dl(20mmol/l)}ထက်ကျော်လွန်လျင် ဆီးသွားခြင်းများပြားပြီး ရေဓာတ်ခန်းခြောက်ခြင်းများ ဖြစ်ပေါ်တတ်သည်။
၆၀ဝ မီလီဂရမ်ပါ ဒက်ဆီလီတာ {600mg/dl(30mmol/l) } ဖြစ်လျင်မူ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်းကြောင့် အရေးပေါ်ရောဂါ ဖြစ်ပေါ်တတ်ပေသည်။ ချက်ချင်း အသက်ဆုံးရှုံးစေတတ်သော ရောဂါ မဟုတ်သော်လည်း အသက်အန္တရာယ်အတွက်စိုးရိမ်ရသောအခြေအနေတွင်ရှိသည်။ တစ်ဖက်တွင်လည်း အင်ဆူလင် ထိုးဆေးပမာဏ များလွန်းပါက သွေးအတွင်း သကြားဓာတ်အလွန်အမင်း ကျသွားတတ်ခြင်း - ဟိုက်ပိုဂလိုက်စီးမီးယား အန္တရာယ်က ရှိနေပြန်သည်။ ယင်းအရေးပေါ် ရောဂါကမူ တက်ခြင်းမှသည် သတိလစ်ခြင်း အထိဖြစ်ပြီး ချက်ချင်း အသက် ဆုံးရှူံးတတ်သည်။ပထမကုထုံးမှာ ဟိုက်ပိုဂလိုက်စီးမီးယား ဖြစ်သည်နှင့် သကြားဓာတ်အများအပြားပါ အရေးပေါ်ဂျဲလ် - ဟိုက်ဂလူးကိုစ့်ဂျဲလ် (high glucose gel)ကို လူနာ၏ ပါးစပ်ထဲထည့်ပြီး ဒက်စ်တို့သကြား (Dextrose)ကို အမြန်ထိုးခြင်းလက်ရှိအကောင်းဆုံးအရေးပေါ်ကုထုံးဖြစ်သည်။ဒုတိယနည်းမှာ အင်ဆူလင်နှင့် အစွမ်းသတ္တိ ပြောင်းပြန်ဖြစ်သောဟိုမုန်းတစ်မျိုးကို တုပ ထုတ်လုပ်ထားသည့် ဂလူကာဂွန်(Glucagon) ကို ထိုးပေးခြင်းဖြင့်လည်းကုသနိုင်ပါသည်။ ဤရောဂါတွင်ဆေးကိုအမြန်ထိုးနိုင်ရန် လိုအပ်သဖြင့် လက်လှမ်းမှီသမျှဆေးများကို အမြန်ဆုံး အသုံးပြုသင့်သည်။
ဆီးချိုအမျိုးအစား-၂ပြင်ဆင်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆီးချိုအမျိုးအစား-၂
ဆီးချိုအမျိုးအစား-၂ သည် အင်ဆူလင်ကိုခုခံခြင်း နှင့် အင်ဆူလင်မတိုးခြင်း*² ကြောင့်ဖြစ်သည်။ ယင်းနှင့်အတူ အင်ဆူလင်ထုတ်လုပ်ခြင်း လည်း အနည်းငယ် ကျဆင်းလာတတ်သည်။ အချို့လူနာများတွင်မူ အင်ဆူလင် လုံးဝ မထုတ်လုပ်နိုင်တော့ သည်လည်း ရှိသည်။ မည်သည့် အချက်က ချို့ယွင်းသည်ဟူ၍ အတိအကျ ဆိုနိုင်သေးသည်တော့ မဟုတ်။ သိရှိရသလောက် ချို့ယွင်းချက်များကို တူရာတူရာစု၍ ဆီးချိုအမျိုးအစားများ ခွဲခြားထားရခြင်းဖြစ်သည်။ ဆီးချိုအမျိုးအစား-၂ မှာ အဖြစ်အများဆုံး အမျိုးအစား ဖြစ်သည်။
ဆီးချို-၂၏ အစောပိုင်း အဆင့်တွင် ရောဂါဖြစ်စေသော အဓိက ချို့ယွင်းချက်မှာ အင်ဆူလင်၏ အစွမ်းသတ္တိမတိုးခြင်း တနည်းအားဖြင့် ခန္ဓာကိုယ်က အင်ဆူလင်ကိုခုခံခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယင်းအဆင့်တွင် သွေးအတွင်းရှိ အင်ဆူလင် ပမာဏသည် များ၍နေသည်။ ဤအဆင့်၌ သွေးအတွင်း သကြားဓာတ်ပမာဏကို လျှော့ချရန်အတွက် အင်ဆူလင်အပေါ်တုံ့ပြန်မှုတိုးစေရန် (တနည်း- အင်ဆူလင်တိုးစေရန်) ရည်ရွယ်ချက်ဖြင့် ဖြစ်စေ အသည်းမှ ဂလူးကိုစ့် (Glucose) ဓာတ် ထုတ်လုပ်မှုကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ ဆေးဝါးများပေးကြသည်။ ရောဂါ အခြေအနေ ပိုမိုဆိုးရွားလာသောအခါ အင်ဆူလင် ထုတ်လုပ်မှု ပါ ကျဆင်းလာသည်။ ထိုအခါ အင်ဆူလင်ကုထုံး ပါ လိုအပ်လာရလေ့ရှိသည်။
ဆီးချို-၂ ဖြစ်စေသော ရောဂါ အကြောင်းရင်းနှင့် ရောဂါဖြစ်စဉ်အပေါ် သုံးသပ်ထားသော သီအိုရီ မြောက်မြားစွာ ရှိသည်။ ဝမ်းဗိုက်ပိုင်းအဆီများခြင်း (Abdominal obesity) (ခါး ပတ်ဝန်းကျင်နှင့် ကိုယ်တွင်းကလီစာများ အဆီဖုံးခြင်း ) သည် အင်ဆူလင်ကိုခုခံခြင်း ဖြစ်နိုင်စွမ်း(Risk) ရှိသည်။ ဝမ်းဗိုက် အဆီပြင်သည် အဒီပိုကိုင်းစ် (Adipokines) ဓာတုပစ္စည်းကို ထုတ်လုပ်နိုင်စွမ်းရှိသည်။ အဒီပိုကိုင်းစ်သည် ဂလူးကိုစ့် ထိန်းသိမ်းရေးစနစ် ကို ကျဆင်းစေသည်။ အဆီများ အဝလွန်ခြင်းကို ဆီးချိုအမျိုးအစား-၂ ဖြစ်သူများ၏ ၅၅ ရာခိုင်နှုန်းတွင် တွေ့ရသည်။ အခြား ဖြစ်နိုင်စွမ်း အချက်များတွင် အသက်အရွယ် ကြီးလာခြင်းလည်း ပါဝင်သည်။ ( မြောက်အမေရိကရှိ အသက်ကြီးသူများ၏ ၂၀ရာခိုင်နှုန်းတွင် ဆီးချိုရှိသည်။) ထို့ပြင် မိသားစုရောဂါ ရာဇဝင် လည်းပါဝင်သည်။ (အမျိုးအစား-၂ သည် ဆွေမျိုး အရင်းအခြာအတွင်း ဆီးချိုရောဂါ ရှိမှုနှင့် အတော်လေး ပတ်သက်ဆက်နွှယ်မှုရှိသည်။)
နောက်ဆုံးဆယ်စုနှစ်အတွင်းတွင် ဆီးချိုအမျိုးအစား-၂ သည် ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင်ပါ အဖြစ်များလာသည်ကို တွေ့ရသည်။ ဖြစ်နိုင်ချေရှိသည်မှာ အချို့နေရာများရှိ ကလေးငယ်များ ဤဆယ်စုနှစ် အတွင်း အဝလွန်လာခြင်းကြောင့် ဖြစ်ပေမည်။ သဘာဝ ပတ်ဝန်းကျင် ကလည်း ဆီးချို လတ်တလော အဖြစ်များလာရခြင်းအပေါ် သက်ရောက်မှု ရှိမည်။ ဆီးအတွင်း ဘစ်ဖီနောအေ (Bisphenol A) တွေ့ရှိရခြင်း နှင့် ဆီးချို-၂ ဆက်စပ်မှုကို တွေ့ရသည်။
ဆီးချိုအမျိုးအစား-၂ကို ရှေးဦးစွာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း ကစီဓာတ်- ကာဘိုဟိုက်ဒရိတ် Carbohydrate ဓာတ် စားသုံးမှု လျှော့ချခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်း များဖြင့် ကုသသည်။ ၎င်းတို့က အင်ဆူလင်တိုးမှု (တနည်း- အင်ဆူလင်ကိုခုခံခြင်း Insulin Resistanceအားလျော့နည်းစေခြင်း )ကို ပြန်လည်ထိန်းသိမ်းပေးသည်။ တခါတရံ၌ ဤသို့ထိန်းသိမ်းရုံမျှနှင့် ကျေနပ်ဖွယ် သွေးအတွင်းသကြားဓာတ်ပမာဏကို ရရှိကောင်း ရရှိနိုင်သည်။ သို့ရာတွင် အင်ဆူလင်ကိုခုခံခြင်း ဖြစ်နိုင်စွမ်း(Risk) မှာ လျော့ကျမသွား။ ထို့ကြောင့် အစားအသောက်၊ လေ့ကျင့်ခန်းနှင့် ကိုယ်အလေးချိန်လျှော့ခြင်း များကို ဆက်လက်ဆောင်ရွက်ဖို့ လိုသည်။ နောက်တစ်ဆင့်မှာမူ (လိုအပ်ပါက) ဆီးချိုသောက်ဆေးများ (Oral Hypoglycemic Drugs) ပေးခြင်းဖြစ်သည်။
အမျိုးအစား-၂ တွင် အင်ဆူလင်ထုတ်လုပ်မှုသည် အနည်းငယ်သာ ကျဆင်းတတ်သဖြင့် (အင်ဆူလင် ကုထုံးကို မသုံးသေးဘဲ ) ပန်ကရိယ၏ ဘီတာဆဲလ်မှ အင်ဆူလင်ကို ကိုယ်တိုင်ထုတ်လုပ်နိုင်စေရန် အားပေးသော သောက်ဆေးမျိုး( ဥပမာ ဆာဖွန်နိုင်းယူရီးယား- Sulfonyluria) ပေးနိုင်သည်။ သို့မဟုတ် အသည်းမှ ဂလူးကိုစ့်-သကြားဓာတ် ထုတ်လုပ်မှုကို ထိန်းသိမ်းပေးပြီး အင်ဆူလင်ခုခံမှု ကိုလျှော့ချပေးသော သောက်ဆေး(ဥပမာ မက်ဖော်မင်-Metformin) ပေးနိုင်သည်။ သို့မဟုတ် အင်ဆူလင်ကိုခုခံခြင်းကို အတော်များများ လျှော့ချပေးနိုင်သော သောက်ဆေး (ဥပမာ သိုင်ရာဇိုလီ ဒိုင်နီဒီအုန်း- Thiazolidinediones) ကိုပေးနိုင်သည်။
သောက်ဆေးပေးပြီးကုသခြင်းသည် ရောဂါနှောင်းပိုင်းတွင် အင်ဆူလင်ထုတ်လုပ်သော ဘီတာဆဲလ်များ ထပ်မံပျက်စီးခြင်းကြောင့် လူနာအပေါ် ဆေး၏ သက်ရောက်မှု ကျဆင်းလာမည်။ ထိုအချိန်တွင် သကြားဓာတ်ပမာဏကို ပုံမှန်သို့မဟုတ် ပုံမှန်နီးပါး ထိန်းသိမ်းနိုင်ရန် အင်ဆူလင်ကုထုံးကို သုံးရမည်ဖြစ်သည်။
အဓိပ္ပါယ်သတ်မှတ်ချက်
ကိုယ်ဝန်ဆောင်ဆီးချိုကို အဓိပ္ပါယ် သတ်မှတ်ထားသည်မှာ ကိုယ်ဝန်ရှိသည့် အချိန်တွင် စတင် တွေ့ရှိရသော မည်သည့် ဆီးချိုတက်မှုမျိုးကို မဆို ကိုယ်ဝန်ဆောင်ဆီးချိုဟု ခေါ်ဆိုရန်ဖြစ်သည်။ ဤအဓိပ္ပါယ် သတ်မှတ်ချက် အရဆိုလျင် လူနာသည် ယခင်ကတည်းက ဆီးချို ရောဂါ ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်နေမှန်း မသိဘဲ ကိုယ်ဝန်ဆောင်သည့် အခါတွင်မှာ ရောဂါဖြစ်နေကြောင်း စတင်သိရှိရခြင်းမျိုး သို့တည်းမဟုတ် ဆီးချိုဖြစ်ချိန်နှင့် ကိုယ်ဝန်ဆောင်ချိန် ကာလ တိုက်ဆိုင်သွားခြင်းမျိုး များလည်း ပါဝင်ရပေတော့မည်။
ဖြစ်နိုင်ချေအချက်များနှင့် ရောဂါလက္ခဏာများ
ဆီးချိုရောဂါလက္ခဏာများ အတွက် ဆီးချိုရောဂါလက္ခဏာများ ကို ကြည့်ပါ။
-ယခင် ကိုယ်ဝန်ဆောင် ကာလများတွင် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးခြင်း သို့မဟုတ် သွေးအတွင်း သကြားဓာတ်ပမာဏ ပုံစံတကျမရှိခြင်း
-ဆွေမျိုးရင်းခြာထဲတွင် ဆီးချို-၂ ဖြစ်ဖူးခြင်း
-သက်ကြီး ကိုယ်ဝန်ဆောင်ခြင်း အများအားဖြင့် ၃၅ နှင့်အထက်)
-လူမျိုး( အဖြစ်များသောလူမျိုးများမှာ အာဖိရကန်-အမေရိကန်များ၊ အာဖရို-ကာရေဘီယန်များ၊ အမေရိကန် များ၊ ပစိဖိတ် ကျွန်းသားများ နှင့် အိန္ဒိယနွှယ် လူမျိုးများ ဖြစ်သည်)
-ကိုယ်အလေးချိန်များသူများ အဝလွန်သူများ
-ယခင်ကိုယ်ဝန်တွင် ကလေးထွားခြင်း(၈ပေါင်၁၂အောင်စထက်များခြင်း)
- ယခင်ကိုယ်ဝန်တွင်ပုံမမှန်ခြင်းတစ်ခုခုဖြစ်ဖူးခြင်း
-ယင်းအချက်များအပြင် ဆေးလိပ်သောက်သူများတွင် ဖြစ်နိုင်ချေ ၂ ဆများသည်ဟုလည်း သိရသည်။
၄၀မှ၆၀ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်ဆီးချိုရှင် များ တွင်မူ တင်ပြခဲ့သော ဖြစ်နိုင်ချေ များကို ရှာမတွေ့ရပြန်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံးကို ဆီးချိုစစ်ဆေးရန် တိုက်တွန်းကြခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ဆီးချိုသည်များမှာ မည်သည့် ရောဂါလက္ခဏာမှ ပြလေ့မရှိ။ အချို့တွင်မူ ရေငတ်ခြင်း၊ ဆီးသွားခြင်း၊ နုံးခြင်း ပျို့ခြင်းအန်ခြင်း၊ ဆီးအိမ်အတွင်းပိုးဝင်ခြင်း နှင့် အမြင်အာရုံဝေဝါးခြင်းတို့ ဖြစ်တတ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
ကိုယ်ဝန်ဆောင်ဆီးချို သည် မိခင်နှင့်ကလေး နှစ်ဦးစလုံးကို အန္တရာယ်ပြုနိုင်သည်။ သွေးအတွင်း သကြားဓာတ်ပမာဏ များလေလေ ရောဂါနောက်ဆက်တွဲ ဖြစ်နိုင်ချေ များလေလေ ဖြစ်သည်။ သေချာစွာ ကုသထားလျင်မူ ရောဂါနောက်ဆက်တွဲ အချက်အတော်များများကို လျှော့ချနိုင်သည်။
ကလေးတွင် ကြီးထွားမှုနှင့် ဓာတုဆိုင်ရာ ပုံမမှန်ခြင်း ဖြစ်နိုင်သည်။ ကလေးထွားခြင်းနှင့် ကလေးသေးခြင်း နှစ်မျိုးလုံး ဖြစ်နိုင်သည်။ ကလေးထွားလျှင်မူ ကိရိယာနှင့်မွေးရခြင်း(ဥပမာ ညှပ်ဆွဲမွေးခြင်း၊ လေစုပ်စက်နှင့်မွေးရခြင်း၊ ဗိုက်ခွဲမွေးရခြင်း) များ လုပ်ရဖို့များသည်။ ရိုးရိုးမွေးပါက ကလေးပုခုံးတစ်ခြင်း၃*** ဖြစ်ကောင်းဖြစ်နိုင်သည်။
ကလေးထွားခြင်းသည် သာမန် ကိုယ်ဝန်ဆောင်များ၏ ၁၂ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ဆောင် ဆီးချိုသည် များ၏၂၀ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်သည်ဟု လေ့လာချက် တစ်ခုက ဆိုထားသည်လည်း ရှိသည်။ သို့သော် ဤကိန်းဂဏန်းများကို အလုံးစုံ မယုံကြည်အပ်သေး။ ဤဘာသာရပ်မှာ သုတေသန လုပ်ရခြင်းများ လွန်စွာရှုပ်ထွေးသည့် အပိုင်းဖြစ်သည်။
မွေးကင်းစ ကလေးများတွင် သွေးအတွင်း သကြားဓာတ် ကျဆင်းခြင်း၊ အသားဝါခြင်း၊ သွေးနီဥများခြင်း နှင့် ကယ်လစီယမ် ဓာတ်နည်းခြင်း မက်ဂနီဆီယမ်ဓာတ်နည်းခြင်း များဖြစ်နိုင်သည်။ အသက်ရှူကြပ်ခြင်း လည်း ဖြစ်နိုင်သည်။

#Double Crane ယုံကင်းလင်ဇီး / ဂျားဟော်လင်ဇီး ကဆီးချိုအပေါ်ထိရောက်သော အကျိုးအာနိသင်နှင့် ကိုယ်တွေ့များ

Credit:  ဆီးချို 


No comments:

Post a Comment